ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့သယဇာတ ဖြစ်စေမယ့် သယ်ယူပို့ဆောင်ရေးစနစ်တွေ ဖွံ့ဖြိုး တိုးတက် ဖို့အတွက်ရည်ရွယ်ပြီး EV အားသွင်းစခန်းတွေ ပိုမိုတိုးချဲ့တည်ဆောက်ဖို့ ဗီယက်နမ်အစိုးရအနေနဲ့ စီစဉ်နေပါတယ်။ ဒီလိုတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ လိုအပ်တယ်လို့ ဗီယက်နမ် အစိုးရက ပြောကြား ထားကြောင်း VN express သတင်းမှာ ရေးသားထားပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက် မျှော်လင့်ထားပြီး လျှပ်စစ်ကား စျေးကွက် အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်ဖို့လည်း မျှော်မှန်းထားတာဖြစ်ပါတယ်။EV အသွင်ကူးပြောင်းရေးဟာ ဗီယက်နမ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေအတွက် ကြီးမားတဲ့ အားထုတ်မှု ဖြစ်ပြီး အထူးသဖြင့် ရေနံတင်သွင်းမှုကုန်ကျစရိတ်ကို လျှော့ချဖို့နဲ့ အလုပ်အကိုင်သန်းပေါင်းများစွာ ဖန်တီးရာမှာ လည်း အသုံးဝင်မှာဖြစ်ပါတယ်။

အားသွင်းစခန်းတွေ တိုးချဲ့တာက ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့အတွက် သော့ချက်တစ်ခုအဖြစ် တည်ရှိနေတာပါ။ EV အားသွင်းစခန်းတွေ တည်ဆောက်တာကို ပိုမို အာရုံစိုက်ရင် ဗီယက်နမ်အနေနဲ့ ရုပ်ကြွင်းလောင်စာ စွမ်းအင် ရင်းမြစ်တွေအပေါ် မှီခိုနေရမှုကို လျှော့ကျစေပြီး EV အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်နိုင်မှာလည်း ဖြစ်တယ်လို့ ဗီယက်နမ်အစိုးရက ပြောကြားထားပါတယ်။