လျှပ်စစ်ကားထုတ်လုပ်မှုလုပ်ငန်းတိုးချဲ့ရေး တစ်စိတ်တစ်ပိုင်းအနေနဲ့ လျှပ်စစ်ကားတွေအတွက် အခွန်ကောက်ခံမှု ပုံစံ အသစ်ပြောင်းလဲဖို့ ထိုင်းအစိုးရက စီစဉ်နေကြောင်း ဒီဇင်ဘာလ ၅ ရက်က Bangkok Post မှာ ရေးသား ထားပါတယ်။

လျှပ်စစ်မော်တော်ကား(EV)လုပ်ငန်း မြှင့်တင်ရေးတာဝန်ခံ အမျိုးသားကော်မတီက စက်တွင်း လောင်ကျွမ်းခြင်း အင်ဂျင်တွေကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲမယ့် အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဟိုက်ဘရစ် မော်တော် ယာဉ်တွေ ထုတ်လုပ်မှုကို ပံ့ပိုးဖို့အတွက်လည်း ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဟိုက်ဘရစ်လျှပ်စစ်ကား (HEV)တွေနဲ့ အပျော့စား ဟိုက်ဘရစ်လျှပ်စစ်ကားတွေအတွက်လည်း မော်တော်ကားအခွန်ပုံစံကို ပြုပြင်ပြောင်းလဲ ဖို့လည်း ထိုင်းဝန်ကြီးချုပ်က အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

အခုလိုဆောင်ရွက်တာဟာ အရှေ့တောင်အာရှမှာ EV နဲ့ လျှပ်စစ်မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုအတွက် ထိုင်းနိုင်ငံကို အချက်အချာကျတဲ့ နေရာအဖြစ် ထားရှိဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ လျှပ်စစ်မော်တော်ကား (EV)လုပ်ငန်း မြှင့်တင်ရေးတာဝန်ခံ အမျိုးသားကော်မတီက ပြောပါတယ်။