ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေက ခေါင်းဆောင်တချို့ဟာဇွန်လ ၁၄ ရက်က G7 ညီလာခံတက်ရောက်ဖို့ ကနေဒါကို ရောက်ရှိလာပြီဖြစ်တယ်လို့ နိုင်ငံတကာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒီတစ်ခါညီလာခံမှာတော့ အရှိန်မြင့်လာတဲ့အစ္စရေး-အီရန်ပဋိပက္ခနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ မပြေလည် သေးတဲ့ကုန်သွယ်ရေးစစ်ပွဲတွေ လွှမ်းမိုးနေတာ ဖြစ်ပါတယ်။အစ္စရေးက အီရန်ကို တိုက်ခိုက်တာနဲ့ အီရန်ရဲ့တုံ့ပြန်မှုတွေက ကမ္ဘာ့ခေါင်းဆောင်တွေကို အငိုက်မိသွားစေခဲ့ပြီး မတည်ငြိမ်တဲ့ကမ္ဘာ့အရေးရဲ့နောက်ဆုံးအချက်ပြမှု ဖြစ်ခဲ့ပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာက ဒီပဋိပက္ခ ပြေလျော့စေဖို့ ကြိုးပမ်းမှုအဖြစ် အမေရိကန်သမ္မတ ထရမ့်၊ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုတို့အပြင်တခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ တဲ့အပြင် ဒီညီလာခံမှာလည်း အကျေအလည် ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

တခြားကမ္ဘာ့ခေါင်းဆောင်တွေကလည်း အမေရိကန်သမ္မတထရမ့်ကို စည်းကြပ်ခွန် ချမှတ်တာတွေ ဆက် မလုပ်ဖို့ တိုက်တွန်းပြောဆိုချင်နေတာကြောင့် ဒီညီလာခံဟာ စည်းလုံးမှုပြယုဂ်ထက် နှစ်ဦးနှစ်ဖက် ပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်သွားနိုင်ခြေရှိနေတာပါ။ ယူကရိန်းသမ္မတလည်း ဒီညီလာခံကို တက်ရောက်မှာ ဖြစ်တာကြောင့် ရုရှား-ယူကရိန်းစစ်ပွဲအရေးကိုလည်း ဆွေးနွေးသွားမှာဖြစ်သလို သမ္မတထရမ့်နဲ့လည်း ပြန်လည်တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။