မျိုးဆက်တစ်ခုအတွင်း နျူကလီးယား အဟန့်အတားကို အကြီးမားဆုံး တိုးချဲ့မှုအဖြစ် နည်းဗျူဟာမြောက် နျူလက်နက်တွေကို ပစ်ခတ်နိုင်တဲ့ F-35A တိုက်လေယာဉ် တစ်ဒါဇင်ကို ဝယ်ယူမှာဖြစ်တယ်လို့ ဗြိတိန်အစိုးရက ဇွန်လ ၂၄ ရက်မှာ ပြောကြားခဲ့တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။F-35A တိုက်လေယာဉ်တွေ ဝယ်ယူတာက စစ်အေးတိုက်ပွဲပြီးဆုံးချိန်ကစပြီး ပထမဆုံးအကြိမ်အဖြစ် ဗြိတိန် လေတပ်အနေနဲ့ နျူကလီးယား အဟန့်အတားကို တားဆီးဖို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

တိုက်လေယာဉ်တွေ ဝယ်ယူပြီး နိုင်ငံလုံခြုံရေးကို တိုးမြှင့်မယ့်အပြင် နေတိုးအဖွဲ့ကိုလည်း လေယာဉ်တွေ ခွဲဝေ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ယုံကြည်လို့မရတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကြောင့် ကျွန်တော့်အစိုးရအနေနဲ့ အမျိုးသားလုံခြုံရေး အတွက် ရင်းနှီးမြှုပ်နှံနေပါတယ်လို့ ဝန်ကြီးချုပ် ကီယာစတာမာက ထုတ်ပြန်ချက်တစ်ခုမှာ ရေးသားထားပါတယ်။ ရုရှားရဲ့ ရန်လိုမှုတွေ တိုးမြင့်လာတာအပြင် ဥရောပလုံခြုံရေးကို ခုခံကာကွယ်ဖို့အတွက် ဗြိတိန်အစိုးရက ရေငုပ် သင်္ဘောတပ်ဖွဲ့တွေ အပါအဝင် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေကိုလည်း အဆင့်မြှင့်တင်နေပါတယ်။