တရုတ်အခြေစိုက် လျှပ်စစ်ကားကုမ္ပဏီကြီးဖြစ်တဲ့ BYD က ဟန်ဂေရီနိုင်ငံမှာ ဥရောပဈေးကွက်တစ်ခုလုံးအတွက် ရည်ရွယ်တဲ့ EV စင်တာဖွင့်လှစ်မယ်လို့ မေလ ၁၅ ရက်မှာ ကြေညာပါတယ်။ ဟန်ဂေရီနိုင်ငံမြို့တော် ဘူဒါပတ်စ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ BYD ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဋ္ဌဖြစ်သူက ကြေညာခဲ့တာပါ။

ဒီသတင်းစာရှင်းလင်းပွဲမှာ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban)လည်း ပါဝင်ခဲ့ပါတယ်။ဒေတာစင်တာအတွက် ရင်းနှီးမြှုပ်နှံမှုဟာ ယူရို ၂၄၈ သန်းအထိ ရှိမှာဖြစ်ပြီး အလုပ်အကိုင်နေရာပေါင်း ၂၀၀၀ ကျော်ကိုလည်း ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။BYD အနေနဲ့ ဘူဒါပက်စ်မှာ ဖွင့်လှစ်မယ့် ဒီစင်တာမှာ ကားရောင်းချတာ၊ ဝန်ဆောင်မှုပေးတာနဲ့ စမ်းသပ်တာတွေ ကိုပါ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ BYDအမှုဆောင်အရာရှိချုပ်က ဒီသဘောတူညီချက်ကို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုအတွက် နောက်ထပ်ခြေလှမ်းတစ်ခုလို့ ပြောခဲ့ပါတယ်။

လူဦးရေ ၉ ဒသမ ၆ သန်းရှိတဲ့ ဗဟိုဥရောပနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘက်ထရီနဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့ အဓိက တရုတ်စီမံကိန်းများစွာကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။၂၀၂၄ ခုနှစ်မှာ Tesla ကို ကျော်လွန်ပြီး ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်သူ ဖြစ်လာခဲ့တဲ့ BYD ဟာ သူတို့ရဲ့ ပထမဆုံး ဥရောပအခြေစိုက် ကားထုတ်လုပ်ရေး စက်ရုံကိုလည်း ဟန်ဂေရီအရှေ့တောင်ပိုင်းမှာ တည်ဆောက် ထားတာဖြစ်ပြီး အခုနှစ်ကုန်မှာ ဖွင့်လှစ်သွားမှာပါ။