အပစ်အခတ်ရပ်စဲရေး ရုရှားနဲ့ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ ယူကရိန်းသမ္မတက ဧပြီ ၂၃ ရက်က ပြောကြားလာတာကို Financial Times သတင်းမှာ ရေးသားထားပါတယ်။ သမ္မတ ဗလာဒီမာပူတင်က ရှေ့တန်း စစ်မျက်နှာမှာ ရုရှားကျူးကျော်မှုကို ရပ်တန့်ဖို့ ကမ်းလှမ်းခဲ့တယ်လို့လည်း Financial Times က ဖော်ပြခဲ့ပါတယ်။ ယူကရိန်းငြိမ်းချမ်းရေးအတွက် တိုးတက်မှု မတွေ့ရဘူးဆိုရင် ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကနေ ကျောခိုင်းတော့ မယ်လို့ အမေရိကန်ရဲ့ဖိအားပေးမှုတွေကို ပူတင်ရော ဇယ်လန်းစကီးပါ လတ်တလော ရင်ဆိုင်နေရတာ ဖြစ်ပါ တယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှား-ယူကရိန်း အောင်မြင်မှုမရရင် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ် ဆောင်ရွက်ပေးနေတာတွေကို ရပ်တန့်မှာဖြစ်ကြောင်း ပြောကြားပြီးနောက် နှစ်ဖက်စလုံးက စစ်ပွဲအဆုံးသတ်ရေး တိုးတက်မှုအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြတာကို တွေ့ရပါတယ်။ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်း ကျူးကျော်စစ်နဲ့ပတ်သက်ပြီး နှစ်နိုင်ငံတွေ့ဆုံညှိနှိုင်းကြဖို့ ဧပြီ၂၁ ရက် က အဆိုပြုကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ ယူကရိန်းနိုင်ငံထဲကို ရုရှား စတင်ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံး ထွက်ပေါ်လာတဲ့ အဆိုပြုချက် ဖြစ်ပါတယ်။