ဂါဇာကမ်းမြောင်ဒေသမှာ အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ အစ္စရေးကို အရေးယူတာတွေ ဆောင်ရွက်တော့မှာဖြစ် ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်နေတဲ့ အစ္စရေးကို ဘယ်လို အရေးယူမယ်ဆိုတာကို အတိ အကျ သတ်မှတ်ထားတာ မရှိသေးပေမဲ့ လက်နက်တွေ တင်ပို့တော့မှာမဟုတ်ဘူးလို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာပါ။

ဥရောပသမဂ္ဂကလည်း အစ္စရေးမူဝါဒကို ပြန်လည်သုံးသပ်နေပြီး ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါတို့က ဂါဇာကမ်းမြောင် ဒေသအပေါ် အပြင်းအထန်အရှိန်မြှင့်ထိုးစစ်ဆင်နေတဲ့ အစ္စရေးကို ခြိမ်းခြောက်ပြောဆို ဖိအားပေးနေချိန်မှာ ဂျာမနီက အခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။ဂါဇာကမ်း မြောင်ဒေသကို ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်တာ၊ အစားအစာနဲ့ ဆေးဝါးဖြတ်တောက်ထားတာ တွေဟာ ဆက်လက်သည်းခံနိုင်စရာ မရှိတော့ဘဲ အခုအချိန်မှာ ကျနော်တို့က ဘာဆက်လုပ်ရမလဲဆိုတာ သေသေ ချာချာ စဉ်းစားရမယ့် အနေအထားမှာ ရောက်ရှိနေတာဖြစ်ပြီး ဂါဇာကမ်းမြောင်မှာ လက်ရှိ ဆင်နွှဲနေတဲ့ ပဋိပက္ခနဲ့ စစ်ပွဲအတွက် ကိရိယာတန်ဆာပလာ မရှိစေရဘူးလို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။