ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုရှား အဆိုပြုထားတဲ့ အစ္စတန်ဘူလ်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ဆွေးနွေးပွဲကို ယူကရိန်းသမ္မတအပြင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့၊ ယူကရိန်း ကာကွယ်ရေး ၀န်ကြီးတို့ လည်း တက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်း ရေး တည်ဆောက်ဖို့ မျှော်လင့်ထားတယ်လို့ ဇယ်လန်းစကီးက ပြောပါတယ်။အစ္စတန်ဘူလ်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးအတွင်း ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်းတစ်ခုကို ယူကရိန်းဆီ ပေးအပ်သွားမယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။ မေလ ၂၈ ရက်က ရုရှား ထုတ်ပြန် ချက်မှာတော့ အဲဒီမူကြမ်းဟာ စစ်ပွဲကို အဆုံးသတ်ရေးအတွက် ရုရှားဖက်က သတ်မှတ်တဲ့ တောင်းဆိုမှု တွေကို ထည့်သွင်းဖော်ပြထားတယ်လို့ ပါရှိပါတယ်။ ယူကရိန်းကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။