ဥရောပသမဂ္ဂရဲ့ သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း တိုးကောက်မယ်ဆိုတဲ့ထရမ့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဝါရှင်တန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံပေါင်း ၂၇ နိုင်ငံတို့ကြား ဆွေးနွေးမှုပြုလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။အခွန်တိုးမြှင့်ကောက်ခံမယ့်ရက်ကို နောက်ဆုံး ဇူလိုင် ၉ ရက်အထိ သက်တမ်းတိုးဖို့ ဥရောပသမဂ္ဂ နိုင်ငံတွေကတောင်းဆိုလိုက်မှုကို သမ္မတ ထရမ့်က သဘောတူညီခဲ့ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁ ရက်က စတင်ပြီး ဥရောပသမဂ္ဂကုန်ပစ္စည်းတွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ကောက်ခံဖို့ မေလ ၂၄ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ထရမ့်ခြိမ်းခြောက်မှုက ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်တွေကို တုန်လှုပ်စေခဲ့ပြီး အမေရိကန်ကုန်သွယ်ဖက်တွေနဲ့ မဟာမိတ်တွေထံ မကြာခဏအကောက်ခွန်မူဝါဒ ပြောင်းလဲမှုတွေကြောင့် ကုန်သွယ်ရေးစစ်ပွဲ ပိုမို ပြင်းထန်လာစေခဲ့ပါတယ်။အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခုလို ထပ်မံရိုက်ခတ်လာတဲ့ အခွန်တိုးမြှင့်မှု တွေကြောင့် လာမယ့် ရက်သတ္တပတ်တွေအတွင်း ကမ္ဘာ့ဈေးကွက်တွေ တုန်လှုပ်သွားစေမှာကိုလည်း စီးပွားရေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။