ပြည်ပကနေပြီးတော့ တခြားနိုင်ငံသားတွေ အလုံးအရင်းလိုက် ဝင်ရောက်လာတာမျိုး မဖြစ်စေဖို့အတွက် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းတွေကို တင်းကျပ်ပြီး နယ်စပ်တွေကို ဗြိတိန်အစိုးရက ထိန်းချုပ်တော့မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ကီယာစတားမာက ပြောကြားသွားပါတယ်။

နိုင်ငံသားဖြစ်ဖို့အတွက်ဆိုရင် ၃ နှစ်ကနေ ၅ နှစ်အထိ နေထိုင်ခွင့်သက်တမ်းရှိရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရမှာဖြစ်သလို လူသားတွေကို ပြုစုစောင့်ရှောက်ပေးရတဲ့ အလုပ်တွေမှာလည်း ကျွမ်းကျင်အဆင့် ဝန်ထမ်းတွေကိုသာ ခေါ်ယူမှာဖြစ်တဲ့အကြောင်း နိုင်ငံပိုင်သတင်းစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် အလုပ်သမားစျေးကွက်ကို ဖွင့်လိုက်တဲ့ ၂၀၀၄ ကတည်းကစကာ ဗြိတိန်နိုင်ငံထဲ လူအများအပြား ဝင်ရောက်လာတာဖြစ်ပြီး ၂၀၁၆ မှာတော့ လူအလုံးအရင်း ဝင်ရောက်လာမှုကို အစိုးရက မထိန်း နိုင် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်ပကနေပြီးတော့ တခြားနိုင်ငံသားတွေ အလုံးအရင်းလိုက် ဝင်ရောက်လာတာမျိုး မဖြစ်စေဖို့အတွက် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်တော့မှာ ဖြစ်ပါတယ်။ရွှေ့ပြောင်းနေထိုင်သူအများစုက အခြေချနေထိုင်ပြီး အရည်အချင်းပြည့်မီဖို့အတွက်၁၀ နှစ် စောင့်ဆိုင်းဖို့ လိုအပ် ပေမယ့် တစ်ဦးချင်းစီက ဗြိတိန်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းအတွက် ပံ့ပိုးကူညီမှုတွေအပေါ် အခြေခံကာ အခြေချ နေထိုင်ခြင်းနဲ့ နိုင်ငံသားဖြစ်ခွင့်အတွက် အရည်အချင်းပြည့်မီတဲ့ ကာလကို လျှော့ချဖို့ အခွင့်အလမ်း ရှိမှာ ဖြစ်ပါတယ်။