ဗြိတိန်နဲ့ဂျာမနီတို့ပူးပေါင်းပြီး အကွာအဝေး ကီလိုမီတာ ၂၀၀၀ ထက် ကျော်လွန်အောင်ပစ်လွှတ်နိုင်တဲ့ လက်နက် သစ်ကို ပူးတွဲတီထွင်မယ်လို့ ဗြိတိန်အစိုးရက ပြောကြားခဲ့တာကို ကိုးကားကာ CNN သတင်းမှာ ဖော်ပြထား ပါတယ်။ ဒါဟာ ဥရောပသမဂ္ဂမှာ စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နဲ့ ဂျာမနီတို့က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးက ကာကွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး ယူကရိန်းစစ်ပွဲ အရှိန်မြှင့်လာတာကို ခုခံကာကွယ်နိုင်ရေးဟာ ဥရောပအတွက် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် နှစ်နိုင်ငံ စလုံးက လက်နက်အသစ်တွေ တီထွင်ထုတ်လုပ်ဖို့အတွက် ၂၀၂၄ ခုနှစ်က ကတိကဝတ်ပြုထားတဲ့ စီမံကိန်းကို အခုနှစ်မှာ အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ဒီလို ပူးပေါင်းဆောင်ရွက်မှုကနေ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ဖန်တီးပေးတာ၊ ကျွမ်းကျင်မှုတွေ မြှင့်တင် ဖို့နဲ့ ဗြိတိန်နဲ့ ဂျာမနီတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို တိုးတက်လာရေး အင်ဂျင်တစ်ခုဖြစ်အောင် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။