ဗြိတိန်က ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်မယ့် စက်ရုံ ၆ ရုံအထိ တည်ဆောက်ဖိုအတွက် ပေါင် ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို ဗြိတိန်အခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဒီအစီအစဉ်ကြောင့် ဗြိတိန်အနေနဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေအပါအဝင် တာဝေးပစ်လက်နက်တွေ ထုတ်လုပ်ဖို ရည်ရွယ်ထားတယ်လိုပါရှိပါတယ်။ဒီအစီအစဉ်ဟာ ဗြိတိန်ရဲ့ ကာကွယ်ရေးမဟာဗျူဟာ သုံးသပ်ချက် (SDR) ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဗြိတိန်ရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်မယ့် SDR အစီအစဉ် အသေးစိတ်ကို လာမယ့်ရက်ပိုင်းမှာ ထပ်ထုတ်ပြန်သွားဖို ရှိတယ်လိုဆိုပါတယ်။ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ကာကွယ်ရေးစက်မှုလုပ်ငန်းတွေ တိုးတက်လာဖို လိုအပ်နေကြောင်း မီးမောင်းထိုးပြနေတယ်လို ပြောပါတယ်။

ဗြိတိန်ဟာလည်း ပဋိပက္ခဖြစ်ပွားချိန်မှာ ခဲယမ်းထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်နိုင်ဖိုအတွက် ဆောင်ရွက်နေတာပါ။လာမယ့် ၂၀၃၄ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့ ၃ ရာခိုင်နှုန်းအထိ သုံးစွဲဖို ဆောင်ရွက်နေတယ်လို ဗြိတိန်ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။ဗြိတိန်ရဲ့ ဒီအစီအစဉ်အပေါ် ဝေဖန်သူအချိုကတော့ လက်ရှိဆောင်ရွက်ချက်ဟာ လက်နက်ကိုင်တပ်တွေရဲ့ လတ်တလောလိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်ကြောင်းနဲ့ လက်နက်တပ်ဆင်ရေးအရှိန်အဟုန်ကို မြှင့်ဖိုလိုတယ်လို ပြောထားပါတယ်။