ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်အရ ရုရှားနဲ့ယူကရိန်းတို့အကြား နောက်ဆက်တွဲဆွေးနွေးပွဲတွေ ထပ်မံပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ လကတည်းက ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။

ရုရှားနိုင်ငံ အီကွတ်စ်ဒေသက စစ်တပ်ပစ်မှတ်တစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ ဇွန် ၁ ရက်က တိုက်ခိုက်ခဲ့တယ် လို့ ပြည်နယ်အုပ်ချူပ်ရေးမှူး အီဂို ကောဗ်ဇက်က ပြောပါတယ်။ ဒီလို အပြန်အလှန်တိုက်ခိုက်မှုကြောင့် သမ္မတ ထရမ့်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဖိအားပေး တောင်းဆိုထားပါတယ်။

တစ်ဖက်မှာလည်း ရုရှားသမ္မတ ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီး တို့အကြား သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးတစ်ရပ် ပြုလုပ်နိုင်ခြေရှိတယ်လို့ ရုရှားဘက်က ပြောကြားထား ပါတယ်။ ဒါပေမဲ့ အဲဒီထိပ်သီးအစည်းအဝေးကို တိုက်ရိုက်စီစဉ်တာမျိုး မဟုတ်ဘဲ လမ်းကြောင်းအမျိုးမျိုးနဲ့ ကိုယ်စားလှယ်အဖွဲ့တွေအကြား ဆွေးနွေးမှုရလဒ်အဖြစ်သာ ဖြစ်တယ်လို့ ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ်က မေလ ၂၈ ရက်က ပြောကြားခဲ့ပါတယ်။