ယူကရိန်းနဲ့ ရုရှားတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိုကာလမှာ ယူကရိန်းအရှေ့ပိုင်း ခါကိဗ်ဒေသရဲ့ ကောင်းကင်ယံကို ကာကွယ်ဖို့ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ရုရှားမောင်းသူမဲ့ လေယာဉ် တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက်စလုံးက လေကြောင်းချီ တိုက်ခိုက်တာတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေတာပါ။ လေကြောင်း တိုက် ခိုက်မှု သတိပေးချက် အကြိမ်ပေါင်းများစွာ ထွက်ပေါ်လာတဲ့ ခါကိဗ်ဒေသမှာ တစ်ခါတလေ သူနဲ့ သူ့ရဲဘော်တွေ ဟာ မောင်းသူမဲ့လေယာဉ် အမျိုးအစားအားလုံးကို ပစ်မှတ်ထားလေ့ရှိပြီး ခရုဇ်ဒုံးကျည်တွေကိုပါ ပစ်ချတယ်လို့ တပ်ကြပ်ကြီး တစ်ယောက်က ပြောပါတယ်။ ဇွန်လ ၁ ရက်က ဒီတပ်ဖွဲ့ဟာ ရှဟက်ဒ် ဒရုန်းနှစ်စင်းကို ပစ်ချဖို့ လေယာဉ်ပစ်သေနတ်တွေနဲ့ အသေးစား စက်သေနတ်တွေကို သုံးခဲ့တယ်လို့ စစ်သားတစ်ယောက်က ပြောပါ တယ်။

ခါကိဗ်ဒေသမှာ ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်လို့ ကလေး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး အိုလာစီညေဟူဘောဗ်က ဇွန် ၂ ရက်မှာ Telegram လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။ ဇွန်လ ၁ ရက် ညပိုင်း ကလည်း တိုက်ခိုက်မှုတစ်ခုမှာ ရုရှားက ယူကရိန်းဘက်ကို မောင်းသူမဲ့လေယာဉ် ၄၇၂ စင်းကို ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။ ဒီပစ်လွှတ်မှုဟာ စစ်ပွဲစကတည်းက အခုအချိန်အထိ တစ်ညတာအတွင်း စုစုပေါင်းပစ်လွှတ်မှု အများဆုံး အရေအတွက်လည်း ဖြစ်ပါတယ်။