ရုရှား- ယူကရိန်းစစ်ပွဲ အရေးနဲ့ပတ်သက်လို့ ရက်ပေါင်း ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက တောင်းဆိုထားတာကို ရုရှားသမ္မတက ပြန်လည်တုံ့ပြန်ပြောကြားတာ မရှိတာကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ဥရောပသမဂ္ဂက ချမှတ်လိုက်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

မော်စကိုရေယာဉ်စုကို ပစ်မှတ်ထားတဲ့ အစီအစဥ်၊ ဓာတုလက်နက်တွေ လူ့အခွင့်အရေး၊ မျိုးစပ်ခြိမ်းခြောက်မှု တွေနဲ့ ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အပါအဝင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုလေးခုကို ချမှတ်ခဲ့ ကြောင်း ဥရောပကော်မရှင်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အစီအမံအသစ်လေးခုက အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်ပေါင်း ၁၃၀ ကျော်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

မော်စကို ရေယာဉ်စုကို ပစ်မှတ်ထားတဲ့ အစီအစဥ်တွေထဲမှာ အဓိကရုရှားရေနံကုမ္ပဏီ Surgutneftegaz ၊ သင်္ဘောအာမခံကုမ္ပဏီတွေ၊ တူကီယဲနဲ့ တရုတ်တိုင်ပေတို့ပါဝင်တဲ့ ရေယာဉ် စီမံခန့်ခွဲရေး ကုမ္ပဏီလေးခု အပါအဝင် လုပ်ငန်းသစ် ၇၅ ခုကို စာရင်းပြုစုသွားမှာဖြစ်တယ်လို့ ဥရောပကော်မရှင်က ပြောကြား ထားပါတယ်။