ယူကရိန်းဟာ ရုရှားကို ဦးတည်ပစ်မှတ်ထားတဲ့ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု အများအပြားကို ဇွန်လ ၁ ရက်က စတင်ဆောင်ရွက်ခဲ့ပါတယ်။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ စစ်တပ်ပစ်မှတ်တစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ ဇွန် ၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ်အုပ်ချူပ်ရေးမှူး အီဂို ကောဗ်ဇက်က ပြောဆိုကြောင်း ရုရှားအစိုးရ သတင်းတွေမှာ ဖော်ပြပါတယ်။ ယူကရိန်းစစ်ပွဲကာလမှာ ဆိုက်ဘေးရီးယားဒေသကို ပထမဆုံးအကြိမ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတာလို့လည်း ပြည်နယ်အုပ်ချူပ်ရေးမှူးက ဆိုပါတယ်။

ဒရုန်းအစင်းရေ ဘယ်လောက်နဲ့တိုက်ခိုက်ခဲ့တယ်ဆိုတာတော့ မသိရသေးသလို ဒေသခံတွေအနေနဲ့ လူမှုကွန်ရက် ပေါ်မှာ ဗီဒီယိုတွေ သတင်းတွေ မတင်ကြဖို့လည်း ပြည်နယ်အုပ်ချူပ်ရေးမှူးက သတိပေးထားတယ်လို့ ရုရှား အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။အလားတူ ရာဇန်ပြည်နယ်ထဲကိုလည်း ယူကရိန်းတွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်နယ်အုပ်ချူပ်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ မာမန့်စ်ပြည်နယ်ထဲက အရေးကြီးနေရာတချို့ကိုလည်း ယူကရိန်းက ဒရုန်းတွေနဲ့အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ပြည်နယ်အုပ်ချူပ်ရေးမှူး အန်ဒရေ ချီဘစ်စ်က ပြောဆိုထားတယ်လို့ ရုရှားအစိုးရသတင်းတွေက ဖော်ပြပါတယ်။