ရုရှားအပေါ် ဖိအားပေးမှုတွေကို ဆက်လက်တိုးမြှင့်လုပ်ဆောင်ဖို့ နိုင်ငံတကာခေါင်းဆောင်တွေကို ယူကရိန်း သမ္မတ ဇယ်လန်စကီးက တိုက်တွန်းပြောကြားခဲ့တာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ရုရှားက ယူကရိန်းအပေါ် လုပ်ဆောင်ခဲ့တဲ့ ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ(၁၂) ယောက် သေဆုံးခဲ့ပြီးနောက် ဇယ်လန်စကီးရဲ့ တောင်းဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဇယ်လန်စကီးက”ရုရှားအပေါ် ပြင်းထန်တဲ့ဖိအားပေးမှုတွေ မလုပ်ဆောင်ဘူးဆိုရင် ဒီရက်စက်ကြမ်းကြုတ်မှုတွေ ကို ရပ်တန့်လို့ ရနိုင်မှာမဟုတ်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရုရှားက လုပ်ဆောင်နေတဲ့စစ်ပွဲကို ရပ်တန့် စေလိုတဲ့ ဆန္ဒတွေကို ပြသကြဖို့ အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ အခြားနိုင်ငံတွေကို ဇယ်လန်စကီးက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။လက်ရှိအချိန်မှာ ရုရှားနဲ့ယူကရိန်းတို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်နိုင်တာမျိုး မရှိသေးတဲ့အပြင် သဘောတူညီချက်တစ်ခုခုကိုလည်း ရယူနိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။