ဥရောပကော်မရှင်ရဲ့ ရုရှားအပေါ် (၁၈)ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုအဆိုပြုချက်နဲ့ ပတ်သက်ပြီး အီးယူ အဖွဲ့ဝင်နိုင်ငံတွေအတွင်း သဘော ထားကွဲနိုင်ပြီး အဖွဲ့ဝင်နိုင်ငံတချို့နဲ့ အမေရိကန်အစိုးရ ဘက်က ဆန့်ကျင်တာတွေ ကြုံရနိုင်ခြေရှိတယ်လို့ ကျွမ်းကျင် သူတွေက သုံးသပ်ထားတာကို နိုင်ငံ တကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ကော်မရှင်ဥက္ကဋ္ဌနဲ့အဆင့်မြင့်ကိုယ်စားလှယ်တွေက ကြေညာခဲ့တဲ့ ဒီအဆိုပြုချက်မှာ ရုရှားရဲ့စွမ်းအင် ကဏ္ဍ၊ စစ်ရေးနဲ့ဘဏ်လုပ်ငန်းကဏ္ဍတွေကို ပစ်မှတ်ထား အရေးယူသွားဖို့ ပါရှိခဲ့တာပါ။ အဲဒီအဆိုပြု ချက်ထဲမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၂ ခု၊ ရေနံတင်သင်္ဘော ၇၇ စင်း အပါအဝင် စုစုပေါင်း လုပ်ငန်း ၄၀၀ ကျော် ပါဝင်ပါတယ်။ ဒါ့အပြင် ရေနံဆီဈေးလျှော့ချဖို့နဲ့ရုရှားက ကုန်ကြမ်းတွေကို အသုံးပြုပြီး ထုတ်လုပ်တဲ့ကုန်ချောတွေ ပိတ်ပင်ဖို့လည်း ပါဝင်ပါတယ်။

ရုရှားဘက်က ညှိနှိုင်းဆွေးနွေးတာတွေ မလုပ်ခဲ့သလို ဒီနေ့အထိ ငြိမ်းချမ်းရေးရလိုတဲ့ အရိပ်အယောင် မပြခဲ့တာကြောင့် ရုရှားကို ပိုမိုပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေ၊ ဖိအားတွေ တိုးမြှင့်ရမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ဒီပိတ်ဆို့အရေးယူမှုတွေကို အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံလုံးက သဘောတူဖို့ လိုအပ်ပြီး ဟန်ဂေရီနဲ့ ဆလို ဗက်ကီးယားတို့က ဒါတွေဟာ ရုရှားရဲ့စီးပွားရေးထက် ဥရောပအဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးကို ပိုထိခိုက်စေမယ်လို့ ဝေဖန်ထားပါတယ်။