အစ္စတန်ဘူလ်မှာငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ် တိုက်ရိုက်ဆွေးနွေးမှုအပြီး နာရီပိုင်းအတွင်းမှာပဲ ရုရှားနိုင်ငံရှိ အဓိကစွမ်းအင်အရင်းမြစ်နေရာတွေကို ယူကရိန်းကပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့တနင်္လာနေ့ ညပိုင်းလောက်မှာ ယူကရိန်းစစ်တပ်က ရုရှားကနေရာတော်တော်များများကို ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ဇာပိုရေးရှားမြို့ အနောက်မြောက်ပိုင်းမှာ လျှပ်စစ်မီးတွေ ပြတ်တောက်ကာ ဗို့အားမြင့်ပစ္စည်းတွေ ပျက်စီးခဲ့ရပါတယ်။

အဲဒီနောက် မိနစ် ၂၀ အကြာမှာပဲ နောက်ထပ်ယူကရိန်းဒရုန်းတစ်စင်းက ဓာတ်အားခွဲရုံတစ်ခုကို တိုက်ခိုက်ခဲ့ပြီး နေရာတော်တော်များများမှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့သလို အလှည့်ကျ လျှပ်စစ်မီးရရှိရေးအတွက် အမြန်ဆောင်ရွက်ခဲ့ရတယ်လို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကပြောကြားထားပါတယ်။မော်စကိုရဲ့အဓိကတောင်းဆိုချက်တွေထဲကတစ်ခုဖြစ်တဲ့ ရုရှားနဲ့အသစ်ပူးပေါင်းတဲ့နယ်မြေတွေကို အသိအမှတ်ပြုရေးနဲ့ပတ်သတ်ပြီး ယူကရိန်းက ငြင်းပယ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။