ယူကရိန်းနိုင်ငံ မြိုတော် ကိယက်ဗ်ကို ဇွန်လ ၆ ရက်နေ့ မနက်အစောပိုင်းက ရုရှားဘက်က ပြင်းထန်တဲ့ ဒုံးကျည်နဲ့ မောင်းသူမဲ့ လေယာဉ် အများအပြားနဲ့ ပစ်လွှတ်ခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ပြီး ၈၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း အရာရှိတွေက ပြောကြားထားတာကို ကိုးကားကာ Reuters သတင်းမှာရေးသားပါရှိပါတယ်။

ရုရှားက ပြင်းထန်တဲ့ ဒုံးကျည်နဲ့ မောင်းသူမဲ့ လေယာဉ် အများအပြား တိုက်ခိုက်မှုကြောင့် နိုင်ငံတဝှမ်း ပေါက်ကွဲသံတွေ ပြင်းထန်စွာ ပေါ်ထွက်လာခဲ့တယ်လိုလည်း ဒေသခံတွေက ဆိုပါတယ်။ရုရှားတိုက်ခိုက်မှုကြောင့်သေဆုံးသွားသူတွေဟာ ကနဦး သပိတ်မှောက်တဲ့ အခင်းဖြစ်ပွားရာကို ရောက်ရှိလာတဲ့ ကယ်ဆယ်ရေး လုပ်သားတွေဖြစ်ပြီး ကံမကောင်းစွာပဲ ရုရှားတိုက်ခိူက်မှုကြောင့် သေဆုံးသွားခဲ့တာဖြစ်ကြောင်း ယူကရိန်းသမ္မတကပြောပါတယ်။

ရုရှားနိုင်ငံတွင်းရှိ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်အများအပြားကို ယူကရိန်းတိုက်ခိုက် ဖျက်ဆီးပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်က အဲဒိတိုက်ခိုက်မှုကို လက်တုံပြန်မယ်လို သတိပေးချက် ထွက်ပေါ်လာပြီးနောက် အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ယူကရိန်း အကြမ်းဖက်လုပ်ရပ်တွေအတွက် တုံပြန်မှုအတွင်း တပ်ဖွဲဝင်တွေက ယူကရိန်းရှိ စစ်ရေးနဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။