သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေက ရရှိတဲ့အကျိူးအမြတ်ငွေ ဒေါ်လာ သန်း ၄၀၀၀ ကို ယူကရိန်းကို ထပ်မံ ပေးအပ်ကြောင်း ဥရောပသမဂ္ဂကော်မရှင်အကြီးအကဲ အာဇူလာ ဗွန်ဒါ လိုင်ယန် က အောက်တိုဘာ ၁ ရက် ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့တော်မှာ ကျင်းပနေတဲ့ အီးယူထိပ်သီးဆွးနွေးပွဲမှာ ပြောဆိုခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အခုပေးအပ်တဲ့ ငွေတွေထဲက ဒေါ်လာ သန်း ၂၀၀၀၀ ဟာ ယူကရိန်း ဒရုန်းထုတ်လုပ်ရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ အီးယူက ပေးအပ်နေတဲ့ ငွေတွေကို ရုရှားဆီက စစ်လျော်ကြေးပြန်ရမှ ပြန်လည်ပေးဆပ်ရမှာ ဖြစ်တယ်လို့ ဗွန်ဒါ လိုင်ယန် က ပြောပါတယ်။ ယူကရိန်းဟာ ဥရောပလုံခြုံရေးရဲ့ ရှေ့တန်းတပ်ဦးနိုင်ငံလို ဖြစ်နေတဲ့အတွက် ယူကရိန်းကာကွယ်ရေးနဲ့ လုံခြုံရေး ပိုမိုအားကောင်းစေဖို့ ဆက်လက် ကူညီပေးသွားမယ်လို့လည်း အီးယူအကြီးအကဲ အာဇူလာ ဗွန်ဒါ လိုင်ယန် က ပြောဆိုသွားပါတယ်။




