ရုရှားနဲ့ယူကရိန်းတို့ဟာ အကျဉ်းသား ၁၀၀၀ စီ အပြန်အလှန်လဲလှယ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ် လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့တာကို The Guardian သတင်းမှာ ဖော်ပြထားပါတယ်။ဒီလဲလှယ်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း အကြီးမားဆုံး အကျဉ်းသား လဲလှယ်မှုတစ်ခုဖြစ်ပြီး အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကျဉ်းသား လဲလှယ်မှုက” ပထမအဆင့်” ဖြစ်ပြီး ကိယက်ဗ်မှာ အပစ်အခတ်ရပ်စဲရေးရရှိဖို့ မျှော်လင့်နေဆဲ ဖြစ်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက သတင်းထောက်တွေကို ပြောကြားပါတယ်။ ဒါ့အပြင် “အပစ် အခတ်ရပ်စဲရေး အောင်မြင်ဖို့အတွက် ယူကရိန်းကို အမေရိကန်က ပံ့ပိုးကူညီမယ်လို့လည်း မျှော်လင့်ထားတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ထပ်လောင်း ပြောကြားထားပါတယ်။ ဒီအကျဉ်းသား အပြန်အလှန်လဲလှယ်မှု ဟာ ရုရှားနဲ့ယူကရိန်းကြား ငြိမ်းချမ်းရေးရယူနိုင်ဖို့အတွက် ခိုင်မာတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။