ရုရှားနဲ့ ယူကရိန်းတို သုံးနှစ်အတွင်း ပထမဆုံး တိုက်ရိုက် ဆွေးနွေးပွဲကို အစ္စတန်ဘူလ်မှာ မေလ ၁၆ ရက်က စတင်ခဲ့ကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်။ ဆွေးနွေးပွဲတွေလုပ်နေချိန်မှာ ရာသီဥတုက ကြည်လင်နေပြီး ဒါဟာ ငြိမ်းချမ်းရေး အလားအလာကောင်းတယ်လို လေ့လာသူတွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

ရုရှား- ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို ရည်ရွယ်ပြီး တူကီယဲလ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ အလားအလာကောင်းတွေရရှိလာနိုင်ဖိုလည်း မျှော်မှန်းထားကြပါတယ်။ အစ္စတန်ဘူလ်နန်းတော်မှာ ဆွေးနွေးပွဲက နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး တွေ့ဆုံမှုအပေါ် ရုရှားက အားရကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံစလုံးက စစ်သုံပန်း ၁၀၀၀ စီ အပြန်အလှန်လဲလှယ်ဖိုလည်း သဘောတူခဲ့ကြတယ်လို သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ယူကရိန်းက “ ယနေ့အပစ်အခတ်ရပ်စဲရေးသဘောတူဖို အဆင်သင့်ဖြစ်နေပြီ” ဖြစ်တယ်လို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ဒါေပမဲ့ ရုရှားကိုယ်စားလှယ်အဖွဲကတော့ လုပ်ပိုင်ခွင့်ကန့်သတ်ချက်ရှိတာကြောင့် အပစ်အခတ်ရပ်စဲရေးက ဖြစ်နိုင်မဖြစ်နိုင် မသေချဘူးလို ပြောကြားထားပါတယ်။