ယူကရိန်းရဲ့စစ်တပ်တွေ၊ နိုင်ငံခြားသားကြေးစားစစ်သားတွေ၊ ဒရုန်းနဲ့ရေဒါ ထုတ်လုပ်တဲ့နေရာတွေ၊ စစ်လက် နက်နဲ့ ရိက္ခာပစ္စည်းတွေထားတဲ့နေရာတွေ အပါအဝင် စုစုပေါင်း အဓိကနေရာ ၁၄၂ ခုကို ရုရှားတပ်ဖွဲ့တွေက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မော်စကိုကာကွယ်ရေး ဝန်ကြီးဌာနက ဇွန်လ ၂ ရက်မှာ ထုတ်ပြန်ပြောကြားသွားပါတယ်။ဒီတိုက်ခိုက်မှုက ဆီးရီးယားအပါအဝင် ရုရှားအရှေ့ဖျားဒေသတွေက နေရာငါးနေရာကို ယူကရိန်းက လေကြောင်း တိုက်ခိုက်မှုတွေ ဆင်နွှဲမှုအပြီး နှစ်ရက်အကြာမှာ ရုရှားက တန်ပြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရ တဲ့နေရာ ငါးနေရာမှာ သုံးနေရာက အသေအပျောက်မရှိ အောင်မြင်စွာ တွန်းလှန်နိုင်ပေမယ့် နှစ်နေရာကတော့ လေယာဉ်မီးလောင်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ရုရှားစစ်တပ်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက Sumy ဒေသမှာရှိတဲ့ ရွာတစ်ရွာကို သိမ်းယူခဲ့ပြီး ယူကရိန်းတပ်သား ပေါင်း ၁၅၀၀ လောက် ကျဆုံးခဲ့ကာ အမြောက်လက်နက် နှစ်ဒါဇင်လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ရုရှားဘက်ကတော့ ယူကရိန်းဟာ အရပ်သားတွေကို တိုက်ခိုက်မှု၊ အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်မှု၊ အစိုးရအရာရှိတွေ၊ ထိပ်တန်းသတင်းထောက်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေကို လုပ်ကြံမှု စတဲ့ စွပ်စွဲချက်တွေနဲ့ အဆက်မပြတ် စွပ်စွဲနေတာ ဖြစ်ပါတယ်။