ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းဘက်က မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ပြောကြားလာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ ယူကရိန်းနဲ့ ရုရှားအစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိုကာလမှာ ယူကရိန်းအရှေ့ပိုင်း ခါကိဗ်ဒေသရဲ့ ကောင်းကင်ယံကို ကာကွယ်ဖို့ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ရုရှားမောင်းသူမဲ့ လေယာဉ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ရုရှားဘက်က ဒရုန်းတွေ၊ ဒရုန်းထုတ်လုပ်တဲ့နေရာကို အဓိကပစ်မှတ်ထား တိုက်ခိုက်မှုက ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေကို အနှောင့်ယှက်ဖြစ်စေတယ်လို့ ရုရှားအစိုးရပိုင် သတင်း အေဂျင်စီ တစ်ခုက ထုတ်ပြန်ထားပါတယ်။ဒါဟာ နှစ်နိုင်ငံ စလုံးအတွက် “ ကြီးမားပြီး အလားအလာရှိတဲ့ နိုင်ငံနှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းမှုတွေကို ပျက်ပြားစေတဲ့အပြင် နောက်ထပ် အကျိုးတူပူးပေါင်းမှု ခြေလှမ်းတွေကိုလည်း ဟန့်တားသွားနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးထားကြပါတယ်။