ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ရုရှားရဲ့ အရပ်ဘက်နဲ့စစ်ဖက်အဆောက် အအုံတွေကို ယူကရိန်းရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း အာတီသတင်းမှာ ဖော်ပြထားပါ တယ်။နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာ ဇွန်လ ၁ ရက်က ဖုန်းနဲ့စကားပြောဆိုခဲ့ကြတာဖြစ်ပြီး အစ္စတန်ဘူလ်မှာ ပြုလုပ်မယ့် ရုရှား-ယူကရိန်း ဆွေးနွေးပွဲအကြောင်းနဲ့ မကြာသေးခင်က ရုရှားမြေပေါ် ယူကရိန်းရဲ့ တိုက်ခိုက် မှုတွေအကြောင်း ပြောဆိုဆွေးနွေးခဲ့ကြတာပါ။

တူကီယဲမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲ မတိုင်ခင် တစ်ရက်က ရုရှားနယ်စပ်ဒေသတွေမှာ တံတားနှစ်စင်း ပြိုကျပျက်စီးခဲ့ပြီး အနည်းဆုံးလူ ၇ ယောက် သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဟာ ယူကရိန်းရဲ့အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့ရတာလို့ ရုရှားရဲ့စုံစမ်းစစ်ဆေးရေးကော်မတီက ဆိုပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်ကတော့ ဇွန်လ ၁ ရက်က တိုက်ခိုက်ခံရမှုကြောင့် အရပ်သား သေဆုံး ထိခိုက်မှုတွေအတွက် ဝမ်းနည်းရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒီတိုက်ခိုက်မှုတွေကို သေသေချာချာစုံစမ်းစစ်ဆေးသွားပြီး အပြစ်ရှိသူတွေကို စုံစမ်းဖော်ထုတ်ကာ ထိုက်တန် တဲ့ အပြစ်တွေ ပေးဆပ်ရမယ်လို့ လာရော့ဗ်က ဆိုပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားဘက်က ယူကရိန်းရဲ့ကာကွယ်ရေးစနစ် စက်ရုံတွေ စက်ဘက်ဆိုင်ရာ တပ်ဆင်ရေးလုပ်ငန်းတွေနဲ့ သိုလှောင်ရုံတွေကို လက်တုံ့ပြန်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။