မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းမြို့အများအပြားကို ညတွင်းချင်း ဒရုန်း ၃၆၇ စင်း၊ ဒုံးကျည်တွေအများအပြား နဲ့ရုရှားတပ်ဖွဲ့တွေက ပစ်လွှတ်ခဲ့ကြောင်းသက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားတာကိုကိုးကားပြီး Reuters သတင်းမှာဖော်ပြထားပါတယ်။ဒီလိုတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ် ။

ရုရှားက ဒရုန်းတွေ ပဲ့ထိန်းဒုံးကျည် ဒါဇင်ပေါင်းများစွာအသုံးပြုပြီး ကိယက်ဗ်မြို့ကို ညလုံးပေါက် ပစ်လွှတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ရုရှားသမ္မတပူတင်ရဲ့လုပ်ရပ်ကို ကျွန်တော် မကျေနပ်ပါဘူး။ သူက လူတော်တော်များများကို သတ်ပစ်လိုက်တာပါ” ပြီးတော့ “ ဒီလို အကြမ်းဖက် ရုရှားရဲ့ တိုက်ခိုက်မှုတိုင်းဟာ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်အတွက် လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်ပါတယ်” လို့ ယူကရိန်းသမ္မတကပြောပါတယ်။ယူကရိန်းနဲ့ ရုရှားတို့ဟာ အပြန်အလှန် အကျဉ်းသားလဲလှယ်ဖို့ ပြင်ဆင်နေစဉ် အခု လို တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။