သုံးနာရီအတွင်း ယူကရိန်းဘက်က တိုက်ခိုက်လာတဲ့ မောင်းသူမဲ့လေယာဉ် ၅၁ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ ကြောင်း ဧပြီ ၂၈ ရက်မှာ ရုရှားဘက်က ထုတ်ပြန်ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဧပြီ ၂၈ ရက် တနင်္လာနေ့ နှောင်းပိုင်းက ယူကရိန်း မောင်းသူမဲ့လေယာဉ် ၅၁ စင်းကို ဝေဟင်မှာတင် ဖျက်ဆီးနိုင်ခဲ့ ပြီး အများစုကတော့ ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ ဟန့်တားနိုင်ခဲ့တာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အနောက်ဘက် ကာ့စ်ဒေသမှာ ဧပြီ ၂၈ ရက် ည ၈ နာရီ မိနစ် ၂၀ ဝန်းကျင်က ယူကရိန်း မောင်းသူမဲ့လေယာဉ် အစင်း ၄၀ ကို ဖျက်ဆီးနိုင်ခဲ့ပြီး အခြားမောင်းသူမဲ့လေယာဉ် ၁၁ စင်းကိုတော့ ရုရှားနိုင်ငံ အလယ်ပိုင်း ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ပင်လယ်နက်အတွင်း ဖျက်ဆီးခံတာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါ တယ်။