ယူကရိန်းနယ်စပ်တစ်လျှောက်မှာလုံခြုံရေးကြားခံဇုန်ထူထောင်ဖို ရုရှားစစ်ဘက်ကိုတာဝန်ပေးထားတယ်လိုရုရှားသမ္မတ ဗလာဒီမာပူတင်က မေလ ၂၃ ရက်နေ့မှာပြောကြားခဲ့ပါတယ်။ကာ့စ်၊ ဘယ်လ်ဂါရုနဲ့ ဘရိုင်ယန့်စ်ဒေသတွေအပါအဝင် ရုရှားရဲ့နယ်စပ်ဒေသတွေအတွက်ရည်ရွယ်ပြီးလုပ်တဲ့အစိုးရအစည်းအဝေးတစ်ခုမှာ ပူတင်က အခုလိုမှတ်ချက်ပြုပြောကြားခဲ့ပြီးအဲဒီဒေသတွေမှာနေတဲ့သူတွေကိုထောက်ပံ့ဖိုအတွက် နောက်တိုးစီမံချက်တွေကိုလည်းဆွေးနွေးခဲ့တယ်လို သိရပါတယ်။

နယ်စပ်တစ်လျှောက် ယူကရိန်းကထိန်းချုပ်ထားတဲ့အဲဒီပိုင်နက်မှာအန္တရာယ်ကိုထိန်းချုပ်ဟန့်တားတဲ့ဇုန်ကိုထူထောင်မယ်ဆိုတဲ့အယူအဆကိုပြီးခဲ့တဲ့မတ်လမှာသမ္မတပူတင်ကပထမဆုံးအဆိုပြုခဲ့တာဖြစ်ပါတယ်။ကာ့စ်ဒေသကိုယူကရိန်းကတိုက်ခိုက်လိုကလေး နှစ်ယောက်အပါအဝင်အနည်းဆုံးအရပ်သား ၁၂ ယောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်းမှာသမ္မတပူတင်ရဲ့အခုလိုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ် ။