ရုရှားနဲ့အမေရိကန်ကြား တင်းမာမှုတွေလျှော့ချပြီး သံတမန်ရေးရာကိစ္စတွေကို ပြန်လည်ထိန်းသိမ်းဖို့ ရည်ရွယ်တဲ့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေးပွဲကို အမေရိကန်ဘက်က ရွှေ့ဆိုင်းလိုက်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားလာတာကို RT သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီနှစ်အစောပိုင်းမှာ ရုရှားနဲ့ အမေရိကန်ဟာ ဆော်ဒီအာရေးဘီးယားနဲ့ တူကီယဲမှာ ထိပ်သီးဆွေးနွေးပွဲတွေ နှစ်ကြိမ် ပြုလုပ်ထားတာ ရှိပါတယ်။ အဲဒီဆွေးနွေးပွဲတွေအတွင်း နှစ်ဦးနှစ်ဖက် သံရုံးလုပ်ငန်းဆောင်တာတွေကို ထိန်းသိမ်း ဖို့၊ ဗီဇာလျှော့ပေါ့မှုတွေပေးဖို့၊ ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့နဲ့ သဘောထားကွဲလွဲမှု ဖြစ်ပြီးနောက်ပိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။နောက်တစ်ကြိမ်ဆွေးနွေးပွဲကို မော်စကိုမှာ ပြုလုပ်ရမှာဆိုပေမယ့် အမေရိကန်ဘက်က အစည်းအဝေးကို ဖျက် သိမ်းသွားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးဌာနရဲ့ တယ်လီဂရမ် ချန်နယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သူက အမေရိကန်ဘက်က အစည်းအဝေး ရွှေ့ဆိုင်းတဲ့ အကြောင်းရင်းကို ထုတ်မပြောပေမယ့် ဒီလိုရပ်ထားတာမကြာဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ဒီနှစ် သူတာဝန်ယူချိန်ကစပြီး မော်စကိုနဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲကို ရုရှားအရာရှိတွေက ကြိုဆိုနေကြပြီး နှစ်ဦးနှစ်ဖက်ဆက်ဆက်ရေးကို ပုံမှန်အတိုင်းဖြစ်အောင် လုပ်ဖို့ အသင့်ရှိ နေကြောင်း ပြသထားပါတယ်။