ရုရှားနိုင်ငံ မော်စကိုမြို့ကို ပစ်မှတ်ထားပြီး ဒရုန်းတွေ အမြောက်အမြားအသုံးပြုကာ ယူကရိန်းက တိုက်ခိုက်တာ တွေပြုလုပ်ခဲ့ကြောင်း ရုရှားမြို့တော်ဝန်က ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ပစ်ခတ်မှုအတွင်း ရုရှားနိုင်ငံ မော်စကိုမြို့ကို ဦးတည်ပျံသန်းလာတဲ့ ယူကရိန်း မောင်းသူမဲ့လေယာဉ်လေးစင်းကို ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားမြို့တော်ဝန်က ပြောကြားခဲ့ ပါတယ်။

ပဏာမ အစီရင်ခံစာတွေအရ တိုက်ခိုက်အတွင်း ထိခိုက်ဒဏ်ရာရတာတွေ ဒါမှမဟုတ် သေဆုံးသူတွေ မရှိဘူးလို့ မြို့တော်ဝန်က Telegram messaging အက်ပ်မှာ ပြောကြားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့် ရုရှားလေကြောင်းစောင့်ကြည့်ရေးအဖွဲ့က မော်စကိုမြို့မှာ ပြေးဆွဲနေတဲ့ အဓိကလေဆိပ် တစ်ခုဖြစ်တဲ့ Domodedovo လေဆိပ်ရှိ လေကြောင်းခရီးစဉ်တွေကို ခေတ္တရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပါ တယ်။