ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမှုနဲ့ ဒေသတွင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်တာတွေအတွက် ဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက လာမယ့်သီတင်းပတ်ထဲမှာ ဥရောပသမဂ္ဂခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး ယူကရိန်း နိုင်ငံကာကွယ်ရေးအတွက် ထိပ်သီးအစည်းအဝေး ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ စပိန်၊ ပိုလန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထား တယ်လို့ ဆိုပါတယ်။လက်ရှိ ရင်ဆိုင်နေရတဲ့ ပဋိပက္ခ စိန်ခေါ်မှုက ယူကရိန်း အနာဂတ်အတွက်သာမက ဥရောပတစ်ခုလုံးနဲ့လည်း သက်ဆိုင်တာကြောင့် ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမှုနဲ့ ဒေသတွင်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ပိုလန်ခေါင်းဆောင်တွေက ခြွင်းချက်မရှိ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကိုလည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။