ဗြိတိန်နိုင်ငံဟာ ဘရက်ဇစ်ဖြစ်စဉ်နောက်ပိုင်းမှာ ဥရောပသမဂ္ဂနဲ့ ပထမဆုံးတရားဝင် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီး ဆက်ဆံရေးကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ကာ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကုန်သွယ်မှုလမ်း ကြောင်းတွေ အဆင်ပြေချောမွေ့ရေးတို့အတွက် သဘောတူညီချက်အသစ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ AP သတင်း မှာ ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ နုတ်ထွက်အပြီး ငါးနှစ်အကြာမှာ အခုလို ဆက်ဆံရေး ပြန်လည် ကောင်းမွန် လာတာဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာဟာ ဥရောပကော်မရှင်ဥက္ကဌ အပါအဝင် ဥရောပသမဂ္ဂ ထိပ်တန်း အရာရှိတွေနဲ့ လန်ဒန်မှာ တွေ့ဆုံကာ စကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကြိုးနီစနစ်ကို ခဝါချပြီး ဥရောပအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံနဲ့ ကုန်သွယ်မှုဆက်ဆံရေးကို တိုးမြှင့်နိုင် တာက ဗြိတိန်ရဲ့စီးပွားရေးကို ဦးမော့လာစေမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးများမဲ့ သမိုင်းဝင် အချိန်အခါ ဖြစ်တယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက ပြောသွားခဲ့ပါတယ်။စတာမာကလည်း ဗြိတိန်နိုင်ငံဟာ ကမ္ဘာ့ဇာတ်ခုံပေါ် ပြန်ရောက်လာတဲ့အကြောင်းနဲ့ ဒီအပေးအယူဟာ နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ အပေးအယူမျိုးဖြစ်တဲ့အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။