ဗြိတိန် ရဲ့ ဗီဇာတင်းကြပ်လာမှု နဲ့ လူဝင်မှုကြီးကြပ်ရေးပေါ်လစီတွေကြောင့် အိန္ဒိယကျောင်းသားတွေနဲ့ အလုပ်သမားတွေ နိုင်ငံကနေ အများဆုံးစွန့်ခွာသွားကြတယ်လို Hindustan Times သတင်းမှာ ဖော်ပြထားပါတယ်။

အမျိုးသားစာရင်းအင်းဌာနရဲ့အဆိုအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအထိ အိန္ဒိယကျောင်းသားပေါင်း ၃၇၀၀၀၊ လုပ်သားပေါင်း ၁၈၀၀၀ နဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် ဗြိတိန် ကနေ ထွက်ခွာသူပေါင်း ၃၀၀၀ နီးပါးရှိတယ်လို သိရပါတယ်။ဗြိတိန်ကနေ အများဆုံးပြောင်းရွေ့သွားကြတဲ့ နိုင်ငံသားစာရင်းရဲ့ထိပ်ပိုင်းမှာ တရုတ်လူမျိုး အယောက် ၄၅၀၀၀ ၊ နိုက်ဂျီးရီးယားလူမျိုး အယောက် ၁၆၀၀၀၊ ပါကစ္စတန်လူမျိုးအယောက် ၁၂၀၀၀ နဲ့ အမေရိကန်လူမျိုးအယောက် ၈၀၀၀ ရှိကြတယ်လိုသိရပါတယ်။

လူဝင်မှုကျဆင်းလာရတဲ့ အဓိကအကြောင်းအရင်းကတော့ ဗြိတိန်ကို လာရောက်ပညာသင်ကြ၊ အလုပ်လုပ်ကြတဲ့လူဦးရေ နည်းပါးသွားတာကြော င့်ဖြစ်ပါတယ်။ အထူးသဖြင့်ကျောင်းသားတွေရဲ့ မိသားစုဝင်တွေ ဝင်ရောက်လာမှု နည်းပါးသွားခြင်းကြောင့်ဖြစ်တယ်လို လူဦးရေစာရင်းအင်းဌာနရဲ့ ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။ ဒီကျဆင်းမှုဟာကပ်ရောဂါကိုဗစ်စတင်ခဲ့တဲ့ကာလကတည်းက အများဆုံးကျဆင်းခဲ့တာဖြစ်တယ်လို ကျွမ်းကျင်သူတွေကဆိုပါတယ်။