ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်းစကီးက ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။

မနေ့က ညနေပိုင်းက ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာ ဇယ်လင်းစကီးက အခုလိုပြောခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေး အမှန်တကယ် ရရှိဖို့ ခေါင်းဆောင်ချင်း တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ သူက ပြောပါတယ်။ဒါ့အပြင် ယူကရိန်းအနေနဲ့ ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြန်စဖို့လည်း အဆိုပြုထားကြောင်း ဇယ်လင်းစကီးက ပြောပါတယ်။ပြီးခဲ့တဲ့ လတည်းက ရပ်ဆိုင်းနေတဲ့ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲတွေ ပြန်စတင်ဖို့အတွက် ယူကရိန်း ကာကွယ်ရေး ဝန်ကြီးက ရုရှားဘက်က ကိုယ်စားလှယ်တွေကို ကမ်းလှမ်းထားတာပါ။

ငြိမ်းချမ်းရေးရရှိဖို့အတွက် အရာအားလုံးကို လုပ်ဆောင်ရမယ်လို့ ယူကရိန်းသမ္မတက ဆိုပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရုရှားက ယူကရိန်းမြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးမြင့်လာပြီး ဇူလိုင် ၁၈ နဲ့ ၁၉ ရက် တွေမှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်ဖို့ ရုရှားကို တောက်လျှောက် ဖိအားပေး နေပါတယ်။