ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဈာပနအခမ်းအနားကို ဧပြီလ ၂၆ ရက် စနေနေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဧပြီလ ၂၃ ရက်ကစပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ရုပ်အလောင်းကို ဗာတီကန်ရှိ ပုဂ္ဂလိက ဘုရားကျောင်းဆောင်အတွင်းမှာ အများပြည်သူလာရောက်ဂါဝရ ပြုဖို့အတွက် ခင်းကျင်း ထားပါတယ်။ ဈာပနကိုတော့ ဧပြီ လ ၂၆ ရက်၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင် စိန့်ပီတာရင်ပြင်မှာ ကာဒီနယ်များကောလိပ်ရဲ့ ဌာနမှူး ကာဒီနယ် ဂျီယိုဗာနီ ဘတ်တီစတာရီက ဦးဆောင်ကျင်းပမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားသမ္မတ Javier Milei နဲ့ သမ္မတကတော် Melania Trump တို့ဟာ ဧပြီ လ၂၆ ရက်မှာ ဈာပန အခမ်းအနားတက်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ဖရန်စစ်ဟာ အာဂျင်တီးနားနိုင်ငံက ဖြစ်တာကြောင့် အခုလို သမ္မတနဲ့ သမ္မတကတော်တို့က ဗာတီကန်စီးတီးကို လာရောက်ပြီး နောက်ဆုံးဂါရဝပြုကြမှာဖြစ်ပါတယ်။အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပုပ်ဖရန်စစ်ဟာ ဧပြီလ ၂၁ ရက်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။