ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်က လာမယ့် နှစ် ၂၀ အတွင်း လှူဒါန်းမှုအလှူငွေကို အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ တိုးမြှင့်သွားမယ်လို့ ကြေညာခဲ့ကြောင်း CNBC သတင်းမှာ ဖော်ပြထားပါတယ်။ Bloomberg Billionaires Index အညွန်းကိန်းအရ လက်ရှိမှာ ဘီလ်ဂိတ်ဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံအထိ သူရဲ့ ပရဟိတဖောင်ဒေးရှင်း အလှူငွေကို တိုးမြှင့်သွားမှာဖြစ်တယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

Microsoft ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်ဟာ ကလေးတွေ ကျန်းမာရေးနဲ့ ရာသီဥတုဖောက်ပြန်တာတို့လို ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများစွာကို ဖြေရှင်းနိုင်ဖို့အတွက် သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကနေ ထပ်တိုး လှူဒါန်း သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။၂၀၀၀ ပြည့်နှစ်မှာ ဘီလ်ဂိတ်နဲ့ ဇနီးဟောင်း Melinda French Gates တို့ တည်ထောင်ခဲ့တဲ့ Gates Foundation ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် နဲ့စတင် ရင်းနှီးမြှုပ်နှံခဲ့တာပါ။

၂၀၄၅ နှစ်ကုန်မှာ ဘီလ်ဂိတ်က သူ့ရဲ့ ကြွယ်ဝမှု အားလုံးကို စွန့်လွှတ်မယ်လို့ ပြောဆိုခဲ့ပြီးနောက် လှူဒါန်းငွေကို အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ အထိ တိုးမြှင့် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘီလ်ဂိတ်ဟာ ဖယ်ဒရယ်ရန်ပုံငွေဖြတ်တောက်မှုကနေ ရုန်းထွက် နိုင်တာကြောင့် ပရဟိတအလှူငွေတွေကို လူသိရှင်ကြား မြှင့်တင်ဖို့အတွက် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့ တာလည်း ဖြစ်ပါတယ်။