သည်ဟိတ်မြို့မှာ နောက်လကျင်းပဖို့ရှိနေတဲ့ နေတိုးထိပ်သီးအစည်းအဝေး တက်ရောက်ဖို့အတွက် ယူကရိန်းသမ္မတ ဇယ်လန်းစကီးကို ဖိတ်ခေါ်မဲ့အစီအစဉ်ကို အမေရိကန်က ကန့်ကွက်ထားကြောင်း အီတလီသတင်းဌာန တစ်ခုမှာ ဖော်ပြထားပါတယ်။

ယူကရိန်းက အမေရိကန်ဦးဆောင်တဲ့စစ်ရေးအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ခွင့်ရဖို့ တောင်းဆိုလာတာ ကြာမြင့် နေပြီဖြစ်ပြီး ရုရှားဘက်က ဒါကို နိုင်ငံလုံခြုံရေးအတွက် ပဓာနကျတဲ့ ခြိမ်းခြောက်မှုလို့ သတ်မှတ်ထား တာ ဖြစ်ပါတယ်။ ဒီလိုဖြစ်မလာအောင်တားဆီးတာဟာ ယူကရိန်းပဋိပက္ခမှာ မော်စကိုရဲ့ အဓိက ရည်ရွယ်ချက် တစ်ခုဖြစ်တယ်လို့လည်း ရုရှားသမ္မတဗလာဒီမာပူတင်က ထပ်တလဲလဲ ပြောဆိုထား ပါတယ်။

ဘလွန်းဘတ်ထုတ်ပြန်ချက်အရ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ ကျင်းပမဲ့အစည်းအဝေးအတွင်း ယူကရိန်းရဲ့ အဖွဲ့ဝင်ဖြစ်ရေးကိစ္စကို ဆွေးနွေးသွားမှာမဟုတ်ဘဲ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ပဲ အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။နေတိုးအထွေထွေအတွင်း ရေးမှူးချုပ် မာ့ခ်ရူတေကလည်း ငြိမ်းချမ်းရေးသဘောတူညီမှုအဖြစ် ယူကရိန်း ကို နေတိုးအဖွဲ့ဝင်ဖြစ်ခွင့်ပေးမယ်လို့ အာမခံထားတာ မရှိဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။