မော်စကိုမြို့ကို ဦးတည်ပြီး ဒုတိယအကြိမ်မြောက် ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ ယူကရိန်း မောင်းသူမဲ့လေယာဉ် တစ်စင်းကို ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးနိုင်ခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြထားပါ တယ်။အဲဒီယူကရိန်းမောင်းသူမဲ့လေယာဉ်ကြောင့် မြို့တော်လေဆိပ်တွေကို ပိတ်ပစ်ခဲ့ရတယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းဘက်က မောင်းသူမဲ့လေယာဉ် ၁၉ စင်းထက်မနည်း မော်စကိုမြို့ကို မတူညီတဲ့ လမ်းကြောင်းတွေကနေ ချဉ်းကပ်တိုက်ခိုက်လာတယ်လို့ ရုရှားမြို့တော်ဝန် ပြောပါတယ်။

ရုရှားလေကြောင်းစောင့်ကြည့်ရေးအဖွဲ့ရဲ့ပြောကြားချက်အရ ယူကရိန်းဘက်က အခုလို တိုက်ခိုက်လာတာတွေ ကြောင့် မော်စကိုမြို့မှာရှိတဲ့ အဓိက လေဆိပ်ကြီးလေးခုရဲ့ ပျံသန်းမှုတွေကို ရပ်ဆိုင်းထားရသလို ဒေသတွင်း မြို့ကြီး အတော်များများရှိ လေဆိပ်တွေကိုလည်း ပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။၃ နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ရုရှား- ယူကရိန်း ပဋိပက္ခကို အမြန်အဆုံးသတ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ဖျန်ဖြေတာတွေ ဆောင်ရွက်ပေးနေမယ့် ရလဒ်ကတော့ ထင်ထားသလို တိုးတက်လာတာ မရှိသေးပါဘူး။