ယူကရိန်းဥပဒေပြုလွှတ်တော်အမတ်တစ်ယောက်က တယ်လီဂရမ်ဟာ ယူကရိန်းကို ဖျက်ဆီးဖို့ ရုရှားက အသုံးပြု နေတဲ့ ရန်သူ့လက်နက်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ RT News မှာ ဖော်ပြထားပါတယ်။ မကြာသေးခင်က စစ်တမ်းတွေအရ ယူကရိန်းလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက တယ်လီဂရမ်ကို အဓိကအရင်းအမြစ်အဖြစ် အသုံးပြုနေ ကြတယ်လို့ ဆိုပါတယ်။

ယူကရိန်းဟာ အမျိုးသားလုံခြုံရေးအတွက်လို့ဆိုကာ တယ်လီဂရမ်ကို ကန့်သတ်ဖို့ ကြိုးစားနေပြီး အစိုးရဝန်ထမ်း တွေကို တယ်လီဂရမ်အသုံးပြုမှု ကန့်သတ်ဖို့ အမိန့်ထုတ်ထားသလို လူမှုမီဒီယာပလတ်ဖောင်းတွေကို ထိန်းချုပ်ဖို့ ဥပဒေမူကြမ်းကိုပါ တင်သွင်းခဲ့ပါတယ်။ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး အကြီးအကဲ တစ်ယောက်က တယ်လီဂရမ်ကို အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုလို့ ထပ်တလဲလဲပြောဆိုပြီး ပုံနှိပ်ထုတ်ဝေဖို့ မသင့်တဲ့ အကြောင်းအရာတွေ ဝေမျှတဲ့ အသုံးပြုသူတွေ ကို သူတို့လုပ်ရပ်အတွက် တာဝန်ခံခိုင်းသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တယ်လီဂရမ်ဟာ ရုရှားနိုင်ငံအတွင်း သတင်းအချက်အလက်တွေ ဖြန့်ဝေဖို့ ယူကရိန်း ထောက်လှမ်းရေးအတွက် အသုံးဝင်တယ်ဆိုတာကိုလည်း အသိအမှတ် ပြုခဲ့ပါတယ်။

တယ်လီဂရမ်ကို ထိန်းချုပ်မှုက သဘောထားကွဲလွဲတဲ့ ပြောဆိုဝေဖန်မှုတွေကို တုံ့ပြန်တဲ့ လှုပ်ရှားမှုရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်ပါတယ်။ စစ်ပွဲအတွင်းမှာ ယူကရိန်းဟာ သမ္မတရုံးကထိန်းချုပ်ထားတဲ့ အစိုးရဝါဒဖြန့်ချိမှုတစ်ခုလို့ ဝေဖန်ခံရတဲ့ သတင်းထုတ်လွှင့်တင်ဆက်မှု လုပ်ခဲ့ပါတယ်။ဒီနှစ်အစောပိုင်းမှာ နိုင်ငံရေးနဲ့ ငွေကြေးအကူအညီတွေ အများကြီးပေးခဲ့တဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ(USAID)ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာကြောင့် ယူကရိန်း မီဒီယာတွေ ပိုအခက်ကြုံခဲ့ရပါတယ်။ ယူကရိန်းမီဒီယာအဖွဲ့အစည်းတွေရဲ့ ၉၀ ရာခိုင်နှုန်းက နိုင်ငံခြား အကူအညီပေါ် မှီခိုနေရပြီး ၈၀ ရာခိုင်နှုန်းက USAID ရဲ့ ရန်ပုံငွေတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။