အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်တဲ့လုပ်ရပ်တစ်ခုကို ဆန့်ကျင်တဲ့ စစ်ပွဲ ကာလ ကန့်ကွက်ပွဲတွေ ရှားရှားပါးပါး ဖြစ်ပေါ်ပြီးတဲ့နောက်မှာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးအပေါ် လူထု ယုံကြည်မှုက ခြောက်လအတွင်းမှာ အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားတယ်လို့ ကိယက်ဗ်အခြေစိုက် ထိပ်တန်း လူထုစစ်တမ်းကောက်ယူရေးအဖွဲ့တစ်ခုက ပြောကြားထားပါတယ်။

ကိယက်ဗ်အခြေစိုက် အဓိက လူထုစစ်တမ်းကောက်ယူရေးအဖွဲ့(KIIS)ရဲ့ လူထုသဘောထားစစ်တမ်း ကောက်ယူ ချက်အရ ဇယ်လန်းစကီးက သူစိတ်ကြိုက်ခန့်ထားတဲ့ ရှေ့နေချုပ်တစ်ယောက်ရဲ့ လက်အောက်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တွေကို သွတ်သွင်းတဲ့လုပ်ရပ်တစ်ခုကြောင့် လူထုက ဒေါသထွက်ခဲ့ကြတာပါ။ ဇူလိုင်လနှောင်းပိုင်းတုန်းက ကိယက်ဗ်နဲ့တခြားမြို့ကြီးတွေမှာ များပြားတဲ့ ယူကရိန်းပြည်သူတွေက စုဝေးပြီး အလျင်စလို ပြဋ္ဌာန်းခဲ့တဲ့ အဲဒီဥပဒေတွေကို ကန့်ကွက်ခဲ့လို့ ဇယ်လန်းစကီးနဲ့ သူ့ရဲ့အာဏာရပါတီက အဲဒီဥပဒေ တွေကို မြန်မြန်ပဲ ရုပ်သိမ်းခဲ့ပါတယ်။

ဇူလိုင် ၂၂ ရက်က အငြင်းပွားစရာ မဲခွဲဆုံးဖြတ်မှုအပြီး နောက်တစ်ရက်မှာ စလုပ်တဲ့ (KIIS)ရဲ့ လူထုသဘောထား စစ်တမ်းကောက်ယူချက်အရ လက်ရှိမှာ ယူကရိန်းပြည်သူ ၅၈ ရာခိုင်နှုန်းက မစ္စတာဇယ်လန်းစကီးကို ယုံကြည်ပြီး ဒါက မေလမှာ ၇၄ ရာခိုင်နှုန်းနဲ့ ဖေဖော်ဝါရီ- မတ်မှာ ၆၇ ရာခိုင်နှုန်းရှိရာကနေ ကျဆင်းသွားတာ ဖြစ်ပါတယ်။