ဗြိတိန်နဲ့ ယူကရိန်းတို့ဟာ စစ်မြေပြင်သုံးနည်းပညာတွေ မျှဝေဖို့ဆိုတဲ့ အထင်ကရ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ နှစ်နိုင်ငံအစိုးရထုတ်ပြန်ချက်တွေအရ သိရပါတယ်။ဒီသဘောတူညီချက်က ယူကရိန်းရဲ့ဒရုန်းထုတ်လုပ်ရေးကို မြှင့်တင်ပေးပြီး ဗြိတိန်ရဲ့ကာကွယ်ရေးလုပ်ငန်းကို ယူကရိန်းရဲ့စစ်မျက်နှာပြင်တွေမှာ ဖန်တီးခဲ့တဲ့ နောက်ဆုံးပေါ်နည်းပညာနဲ့ ချိတ်ဆက်ပေးမှာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။

ဇွန်လ ၂၃ ရက် အစောပိုင်းက ယူကရိန်းသမ္မတဇယ်လန်စကီးကို ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာက လန်ဒန် မြို့မှာ ကြိုဆိုပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောက်ရွက်မှု မြှင့်တင်ရေးအပေါ် အဓိကထား ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ဒီသဘောတူညီချက် ထွက်ပေါ်လာတာပါ။ဒီသဘောတူညီချက်ဟာ နောက်သုံးနှစ်အထိ ဆက်ရှိနေမှာဖြစ်ပြီး နှစ်နိုင်ငံကြားမှာ ခိုင်မြဲတဲ့မိတ်ဖက်ဆက်ဆံ ရေးကို ထင်ရှားစေလိုတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။ ထုတ်ပြန်ချက်အရ ဗြိတိန်ဟာ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ယူကရိန်းအနေနဲ့ တိုက်ပွဲဆက်လက်တိုက်ခိုက်နိုင်ဖို့ နှစ်ဦးနှစ်ဖက်ရန်ပုံငွေ ယူရိုသန်း ၂၈၀ (ဒေါ်လာ ၃၇၉ သန်း)အထိ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။