ဗြိတိန်အနေနဲ့ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောယာဉ်စုကို တိုးချဲ့သွားမယ်လို့ အစိုးရကကြေညာထားကြောင်း CNA သတင်းမှာဖော်ပြထားပါတယ်။ဒါဟာ ခေတ်သစ်စစ်ပွဲအတွက်အသင့်အနေအထားရှိပြီး ပြည့်စုံနေစေဖို့ နိုင်ငံအနေနဲ့ ဘီယီယံချီပြီးမြှုပ်နှံသွားမယ့်အကြောင်းကာကွယ်ရေးအစီရင်ခံစာမတိုင်ခင်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတဒေါ်ထရမ့်က ဥရောပအနေနဲ့ ကိုယ့်လုံခြုံရေးကို ပိုပြီးတာဝန်ယူသင့်တယ်လို့ပြောကြားပြီးနောက်ပိုင်းမှာ ဥရောပတစ်ဝှမ်းက တခြားခေါင်းဆောင်တွေလိုပဲ ဝန်ကြီးချုပ်ကီရာစတာမာကနိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်တွေကိုပြန်လည်တည်ဆောက်ဖို့ အလျင်အမြန်ကြိုးစားလာတာဖြစ်ပါတယ်။မဟာဗျူဟာမြောက်ကာကွယ်ရေးအစီရင်ခံစာက ဗြိတိန်ရဲ့ လက်နက်ကိုင်တပ်တွေကို လုံခြုံရေးခြိမ်းခြောက်မှုတွေကိုတုံ့ပြန်ရာမှာလိုအပ်တဲ့ ကာကွယ်ရေးနည်းစနစ်တွေကိုရှင်းလင်းဖော်ပြပြီး စစ်ပွဲအတွက်အသင့်အနေအထားအခြေအနေဖြစ်ဖို့တောင်းဆိုသွားမှာဖြစ်ပါတယ်။ခြိမ်းခြောက်မှုတွေများလာတဲ့အပြင် ရုရှားရဲ့ရန်လိုမှုကိုရင်ဆိုင်ဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်ရမှာဖြစ်တယ်လို့
ကာကွယ်ရေးဝန်ကြီး John Healey က ထုတ်ပြန်ချက်တစ်ခုမှာပြောဆိုထားပါတယ်။