ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်းတစ်ခုကို ယူကရိန်းဆီ ပေးအပ်သွားမယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ မေလ ၂၈ ရက်က ရုရှားရဲ့ထုတ်ပြန်ချက်မှာတော့ အဲဒီမူကြမ်းဟာ စစ်ပွဲကို အဆုံးသတ်ရေးအတွက် ရုရှားဖက်က သတ်မှတ်တဲ့ တောင်းဆိုမှုတွေကို ထည့်သွင်းဖော်ပြထားမယ်လို့ ပါရှိပါတယ်။ တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ လာမယ့် သီတင်းပတ်ကျရင် ပြုလုပ်မယ့် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးမှုမှာ အဲဒီ မူကြမ်းကို ပေးအပ်မယ်လို့ ဆိုပါတယ်။

ယူကရိန်းကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ် နေပါတယ်။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်ဆိုင်းဖို့ နှစ်ဖက်စလုံးကို အပြင်းအထန် ဖိအားပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက နှစ်ဖက်ကြား မှာ သံတမန်ရေးဆိုင်ရာ အားထုတ်မှုတွေ ရှိခဲ့သလို ၃ နှစ်ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် မကြာ သေးခင်က အစ္စတန်ဘူလ်မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပါတယ်။