ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြိုဖြစ်တဲ့ ခါကိဗ်ကို ရုရှားက မောင်းသူမဲ့လေယာဉ်တွေနဲ့ အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့တယ်လို နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက် ညပိုင်းမှာ ရုရှားဘက်က မောင်းသူမဲ့လေယာဉ် ၄၈ စင်း၊ ဒုံးကျည်နှစ်လုံးအပြင် Glide ဗုံးလိုခေါ်တဲ့ ပြင်းထန်တဲ့ ဗုံး ၄ လုံးနဲ့ပါ တိုက်ခိုက်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့သလို လူ ၆၀ ခန့် ဒဏ်ရာရခဲ့တယ်လို ခါကိဗ်မြိုတော်ဝန်က ပြောပါတယ်။ဇွန်လ ၇ ရက်ကလည်း ခါကိဗ်ကို Glide ဗုံးတွေနဲ့ တိုက်ခိုက်မှု ထပ်ဖြစ်ပွားသေးတယ်လို မြိုတော်ဝန်က ဆိုပါတယ်။ ဇွန်လ ၆ ရက်နေ့ညက တိုက်ခိုက်မှုမှာ လူနေအိမ် ၁၃ လုံးနဲ့ အဆောက်အအုံ ၁၈ ခုခန့်ကို ထိမှန်ခဲ့ပြီး ကလေးတစ်ယောက်နဲ့ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

ယူကရိန်းတောင်ပိုင်း ခါဆန်မှာလည်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါသေးတယ်။ရုရှားဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက် ညပိုင်းကလည်း ယူကရိန်းနိုင်ငံ နေရာအနှံအပြားကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့သီတင်းပတ်မှာ ယူကရိန်းက ရုရှားရဲ့ လေတပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် လက်တုံပြန်တဲ့အနေနဲ့ ရုရှားဟာ ယူကရိန်းမြိုတွေကို ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လိုသိရပါတယ်။