ကိုလံဘီယာ သမ္မတလောင်းတစ်ဦးဖြစ်တဲ့ မီဂဲလ် ယူရီးဘေ တာဘေးဟာ မြိုတော် ဘိုဂိုတာမှာ မဲဆွယ်စည်းရုံးပွဲ ပြုလုပ်နေစဉ်အတွင်း သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခံခဲ့ရတယ်လို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိတဲ့ မီဂဲလ်ဟာ ဇွန်လ ၇ ရက်က ဘိုဂိုတာမြိုက ပန်းခြံတစ်ခုမှာ လူအုပ်ကြီးတစ်ခုကို မဲဆွယ်စည်းရုံးဟောပြောနေစဉ်အတွင်း သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ခေါင်းကို နှစ်ချက် ထိမှန်ခဲ့တယ်လို သိရပါတယ်။ကိုလံဘီယာ ရဲတပ်ဖွဲက အခင်းဖြစ်တဲ့နေရာမှာ အသက် ၁၅ နှစ်အရွယ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားတယ်လို ဒေသတွင်းမီဒီယာတွေက ပြောပါတယ်။မီဂဲလ်ဟာ လက်ရှိမှာ အသက်ရှင်ဖိုအတွက် သူ့ကို ကုသပေးနေတဲ့ ဆရာဝန်တွေကို ဘုရားသခင်က လမ်းပြပေးဖို ဆုတောင်းနေတယ်လို မီဂဲလ်ရဲ့ ဇနီးဖြစ်သူ မာရီယာ ကလော်ဒီယာ တာရာဇိုးနားက ပြောပါတယ်။

ဒါ့အပြင် မာရီယာက မီဂဲလ်အသက်ရှင်နိုင်ရေးအတွက် ဆုတောင်းပေးကြဖို ကိုလံဘီယာပြည်သူတွေကိုလည်း တောင်းဆိုခဲ့ပါတယ်။မီဂဲလ်ရဲ့ Centro Democratico ပါတီက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ နိုင်ငံရေးခေါင်းဆောင်တစ်ဦးရဲ့ အသက်ကို အန္တရာယ်ဖြစ်စေတဲ့အပြင် ကိုလံဘီယာရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ထိခိုက်စေတယ်လို ပြောကြားခဲ့ပါတယ်။မီဂဲလ်ဟာ လက်ရှိမှာတော့ လုပ်ကြံမှုကြောင့် အသက်ဆုံးရှုးနိုင်ချေ များနေပါတယ်။ကိုလံဘီယာ သမ္မတ ဂူစတာဗို ပီထရိုရဲ့ လက်ဝဲယိမ်းအစိုးရအဖွဲက ဒီတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ဒီမိုကရေစီကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်ကြောင်း ပြောပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကလည်း ဒီပစ်ခတ်မှုဟာ ဒီမိုကရေစီကို တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် ရှုတ်ချခဲ့ပါတယ်။