ကိယက်ဗ်မြို့ကို ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတွေ မီးလောင်ကျွမ်းခဲ့ကြောင်း Radio Free Europe သတင်းမှာ ရေးသားထားပါတယ်။ ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဒုံးကျည်တွေလွှတ်ပြီး နာရီပိုင်းအကြာမှာပဲ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းစစ်တပ်က ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ယူကရိန်းဟာ မြို့တော်တွေကို ဒရုန်းတွေနဲ့ အပြန်အလှန် တိုက်ခိုက်တာတွေကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့သလို ဒဏ်ရာရရှိသူတွေလည်း တစ်စတစ်စ တိုးလာခဲ့ပါတယ်။ ကိယက်ဗ်မြို့ Dnipro မြစ်တစ် လျှောက် ရုရှားရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် လူငါးယောက် ဒဏ်ရာရခဲ့ပြီး တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ ပိုတိုးလာနိုင်တယ်လို့ ယူကရိန်းမြို့တော်ဝန်က ပြောပါတယ်။ရုရှားတိုက်ခိုက်မှုကြောင့် မြို့ရဲ့နေရာတော်တော်များများမှာ ပျက်စီးမှုတွေ ရှိနေပါတယ်။ မီးလောင်မှုလည်း အများအပြား ဖြစ်ပွားခဲ့ပြီးတော့ အထင်ကရ အခြေခံအဆောက်အဦတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားထားပါတယ်။