ရုရှားက ဒီနေ့ ဇွန်လ ၁၀ ရက် မနက်အစောပိုင်းက ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ ယူကရိန်းတောင်ပိုင်း ဆိပ်ကမ်း မြို့ဖြစ်တဲ့ အိုဒဆာကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။အိုဒဆာမြို့မှာ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေနဲ့ လူနေအဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့ပြီး အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ယောက် သေဆုံးခဲ့သလို လေးယောက် ဒဏ်ရာရခဲ့တယ် လို့ အိုဒဆာမြို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကိယက်ဗ်မှာလည်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် လူနေအဆောက်အအုံတွေ ပျက်စီးခဲ့သလို အနည်းဆုံး လူ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသတာဝန်ရှိ သူတွေက ပြောပါတယ်။ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ခရစ်ရှကိုက မြို့တော်မှာ တိုက်ခိုက်မှုတွေ အကြီးအကျယ် ဆက်ဖြစ်နေလို့ မြို့ခံ တွေကို ခိုင်ခံ့တဲ့ အမိုးအကာတွေအောက်မှာနေဖို့ တိုက်တွန်းထားပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မှာ ဂိုဒေါင်အချို့ မီးလောင်ကျွမ်းခဲ့သလို အိုဒဆာမှာလည်း လူနာတင်ယာဉ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်မှာ ယူကရိန်းရဲ့ ရုရှားလေတပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ ရုရှားဟာ ယူကရိန်းမြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။