ယူကရိန်းမြိုတော် ကိယက်ဗ်ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို ယူကရိန်းအာဏာပိုင် တွေက ပြောပါတယ်။ ဇွန်လ ၆ ရက် မနက်အစောပိုင်းမှာ ရုရှားက တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး နေရာအနှံ အပြားမှာ ပေါက်ကွဲမှုနဲ့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို မျက်မြင်သက်သေတွေက ပြောပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖုန်းဆက် သွယ် စကားပြောဆိုစဉ်အတွင်း ရုရှားလေတပ်အခြေစိုက်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို ပြင်းပြင်းထန်ထန် လက်တုံပြန်သွားမယ်လို ပြောသွားခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ စတင်ခဲ့တဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ကိယက်ဗ်မှာ သေဆုံးသူအရေအတွက်ဟာ ၄ ဦးအထိ ရှိလာပြီး ရှာဖွေမှုတွေ ဆက်လုပ်နေတဲ့အတွက် သေဆုံးသူ ထပ်တိုးလာနိုင်ချေ ရှိနေပါတယ်။ ဒါ့အပြင် နောက်ထပ် လူ ၂၀ ဝန်းကျင် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေထဲက ဆေးကုသမှုခံယူဖို လိုအပ်တဲ့ ၁၆ ဦးကို ဆေးရုံကို ပိုဆောင်ထားတယ်လိုလည်း ကိယက်ဗ်မြိုတော်ဝန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဓာတ်ဆီဆိုင်တစ်ဆိုင်၊ မော်တော်ယာဉ်အချိုနဲ့ လူနေအဆောက်အအုံအချို ထိခိုက်ခဲ့သလို အာဏာပိုင်တွေအနေနဲ့ အရေးပေါ် အကူအညီပေးရေးအဖွဲတွေကိုလည်း မြိုထဲမှာဖြန့်ကျက်ချထားကြောင်း ကိယက်ဗ်မြို စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။ ကိယက်ဗ်မြိုခံတွေကိုလည်း ခိုင်မာတဲ့ အမိုး အကာတွေအောက်မှာ နေထိုင်ဖို သတိပေးထားသလို နေရာရွှေ့ပြောင်းပေးတာတွေလည်း လုပ်နေပါတယ်။ လက်ရှိ ကိယက်ဗ်မြိုမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပေမယ့် ခါကိဗ် အပါ အဝင် အခြားဒေသတွေမှာတော့ သတိပေးချက်တွေ ဆက်ထားရှိထားတယ်လို သိရပါတယ်။