ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်ကို ရုရှားက မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ပျက်စီးသွားတဲ့ နေအိမ် ထဲမှာ လူတစ်ယောက် ပိတ်မိနေခဲ့တယ်လို့ ကိယက်ဗ်ဒေသ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီနေ့ ဧပြီ ၁၀ ရက် မနက်အစောပိုင်းမှာ ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကိယက်ဗ်မြို့အတွင်းက နေရာအချို့မှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မြို့တော်အတွင်းက ခရိုင်နှစ်ခုပေါ်ကို ပျက်စီးသွားတဲ့ ဒရုန်းအပိုင်းအစတွေ ပြုတ်ကျခဲ့ပြီး ဟောလိုဆိဗ်စကီ (Holosiivskyi) ခရိုင်က သိုလှောင်ရုံတစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့သလို ဒါနက်တ်စကီ (Darnytskyi) ခရိုင်မှာ လူတစ်ယောက် ပိတ်မိနေခဲ့တာလို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာနှစ်ခု စလုံးမှာ အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကလည်း ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက် ခိုက်မှုကြောင့် အနည်းဆုံး လူသုံးယောက် ဒဏ်ရာရခဲ့ပြီး အဆောက်အအုံတွေနဲ့ ကားတွေ မီးလောင်ပျက်စီးခဲ့ တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။